မေးမြန်းစုံစမ်းရန်
စမတ်ဖုန်း ATM (Seven Bank) ကိုအသုံးပြု၍ မည်သို့ ငွေသွင်းရမည်နည်း။
Seven Bank ATMကို အသုံးပြု၍ ငွေသွင်းခြင်း(Smart Phone ATMငွေသွင်းခြင်း)
အဆင့်၁. Seven Bank ATM၏ ဘယ်ဘက်မျက်နှာပြင်အပေါ်ဆုံးတွင်ရှိသော 「ငွေထုတ်ခြင်း၊ ငွေသွင်းခြင်း၊ ခရက်ဒစ်ဆိုင်ရာ လုပ်ဆောင်ချက်များ စသည်」 ကို ရွေးချယ်ပါ။
အဆင့်၂. 「Smart Phone」ကိုရွေးချယ်ပါ။
အဆင့်၃. PayForex အက်ပ်မှ 「QR codeကိုscanဖတ်၍ ငွေသွင်းခြင်း」 ကို ရွေးချယ်ပြီး ကင်မရာကို ဖွင့်ပါ။
အဆင့်၄. ကင်မရာဖြင့် ATM မျက်နှာပြင်ပေါ်ရှိ QR code ကို scanဖတ်ပါ။
အဆင့်၅. အက်ပ်တွင် ပြထားသော 「ကုမ္ပဏီနံပါတ်」 ကို ATM မျက်နှာပြင်တွင် ရိုက်ထည့်ပြီး 「အတည်ပြုသည်」 ကို ရွေးချယ်ပါ။
အဆင့်၆. 「အတည်ပြု」 ကိုရွေးချယ်ပါ။
အဆင့်၇. အက်ပ်တွင် ပြထားသော 「အတည်ပြုနံပါတ်」 ကို ATM မျက်နှာပြင်တွင် ရိုက်ထည့်ပြီး 「အတည်ပြုသည်」 ကို ရွေးချယ်ပါ။
အဆင့်၈. ငွေစက္ကူထည့်သော အပေါက်ပွင့်လာမည်။ ငွေပမာဏကို စစ်ဆေးပြီး ငွေစက္ကူအရွက်များကို ထည့်ပါ။
(အကြွေစေ့များကို အသုံးပြု၍မရပါ။ ထို့အပြင် ငွေစက္ကူအရွက်များသည် တစ်ကြိမ်လျှင် အများဆုံး ၅၀ ရွက်အထိသာ ထည့်နိုင်ပါသည်။)
အဆင့်၉. လုပ်ဆောင်ချက်များပြီးစီးကြောင်း မျက်နှာပြင်ပေါ်လာသည့်အချိန်တွင် 「လိုအပ်သည်」 ကိုရွေးချယ်ပြီး အသုံးပြုမှုအသေးစိတ်ပြေစာကိုယူပါ။
(※ အက်ပ်အတွင်းရှိ ငွေလွှဲမှတ်တမ်းနှင့်ကိုက်ညီမှုရှိမရှိ တိုက်စစ်ဆေးပါ။)