The Best Way To Send Money

ငွေလွှဲခြင်းဆိုင်ရာ အရေးကြီးသောအချက်များ

ပြည်ပငွေလွှဲရာတွင် ငွေလွှဲမည့်နိုင်ငံနှင့်ဒေသ ဘဏ်အပေါ်မူတည်၍ သတိပြုရန်အချက်များရှိပါသည်။ အထူးသဖြင့် ပထမဦးဆုံးအကြိမ် ငွေလွှဲပါက သတိပြုချက်များ သေချာစွာ စစ်ဆေးပေးပါ။

၁။ ငွေမလွှဲခင်
(၁) အမည်အမှားဖြင့်ငွေသွင်းခြင်းအတွက် တားမြစ်ထားပါသည်။

ဘဏ်ငွေလွှဲဖြင့်ငွေသွင်းချိန်တွင် သေချာပေါက် PayForexအကောင့်အမည်ဖြင့်ငွေလွှဲပေးပါ။ မတူညီသည့်အမည်ဖြင့်လုပ်ဆောင်ပါက အကောင့်သို့ ငွေသွင်းလုပ်ဆောင်ချက် ပြုလုပ်မည်မဟုတ်ပါ။ ငွေလွှဲသည့်နေရာတွင် ပြန်လည်ငွေပြန်အမ်းခြင်းလုပ်ဆောင်ရန်ဖြစ်လာမည်ဖြစ်ပါသဖြင့် သတိပြုစေလိုပါသည်။

(၂) အောက်ဖော်ပြပါရည်ရွယ်ချက်အရ ပြည်ပငွေလွှဲ လက်ခံခြင်းမရှိပါ

  • ပြည်ပငွေလွှဲ FX ဘလော့ဂါ(ပွဲစား) စသည့်၊ ဂျပန်တွင် စားရင်းသွင်းထားခြင်းမရှိသည့်ငွေကြေးထုတ်ကုန်လုပ်ငန်းလုပ်ဆောင်သူ နှင့် ဆက်စပ်ကုမ္ပဏီသို့ ငွေလွှဲခြင်း
  • ပြည်ပထုတ် ထီကို ဂျပန်နိုင်ငံတွင်း ၀ယ်ယူရန်အတွက် ငွေလွှဲခြင်း
  • အင်တာနက်ကာစီနို၊ ကြိုတင်စာရင်းသွင်းသူများ(bookmakers) စသည့် အလောင်းကစားအတွက် ရည်ရွယ်သည့် ငွေလွှဲခြင်း
  • ဆေး၊ တားမြစ်၊ လက်ကိုင်သေနက်၊ မူးယစ်ဆေးဝါးများ၊ စိတ်ကြွဆေးများ၊ လက်ဆွဲသေနတ်များ၊ ငွေစက္ကူအတုများ စသည်တို့ကို တရားမဝင် ရောင်းဝယ်မှုများအတွက် ရည်ရွယ်သည့် ငွေလွှဲခြင်း
  • အများပြည်သူဘေးကင်းရေးနှင့် ဓလေ့ထုံးတန်းများကို ထိခိုက်စေသည့်စာအုပ်များ ကဲ့သို့သော့ တရားမ၀င်ပစ္စည်းများ၀ယ်ယူသည့် ငွေလွှဲခြင်း
  • ဝါရှင်တန်ကွန်ဗင်းရှင်းမှတားမြစ်ထားသော ရှားပါးတိရိစ္ဆာန်များနှင့် အပင်များ၊ ပြုပြင်ပြီးသောကုန်ပစ္စည်းများဝယ်ယူခြင်းစသည့်ရည်ရွယ်ချက်အတွက် ငွေလွှဲခြင်း
  • ကုမ္ပဏီမှ မသင့်လျော်ဟု ယူဆသော အခြားရည်ရွယ်ချက်များအတွက် ငွေလွှဲခြင်း

(၃) ငွေလက်ခံသူ/ငွေလက်ခံအကောင့်အချက်အလက်ကို ကြိုတင်၍ စာရင်းသွင်းပေးပါ

ကြိုတင်၍ ငွေလက်ခံသူနှင့်ငွေလက်ခံအကောင့်အချက်အလက်ကို စာရင်းသွင်းပါက ပိုမိုမြန်ဆန်စွာ ငွေလွှဲလုပ်ဆောင်နိုင်ပါသည်။ လော့ဂင်၀င်ပြီးနောက် 「ပြည်ပငွေလွှဲ」ကို ရွေးပြီး ငွေလွှဲမည့်နိုင်ငံ/ဒေသရွေးချယ်ပြီး စာရင်းသွင်းရန်စတင်ပေးပါ။

(၄) သီးသန့်ဘဏ်အကောင့်ငွေလွှဲခြင်း(Bank Transfer)အကြောင်း

ငွေသွင်းနည်းရွေးချယ်ရန်စာမျက်နှာတွင်「Bank Transfer」ကိုရွေးပြီး၊ ဖော်ပြထားသည့်ဘဏ်အကောင့်သို့ PayForex၏အကောင့်အမည်နှင့်တူညီသည့်အမည်ဖြင့် ငွေလွှဲလုပ်ဆောင်ပေးပါ။ ငွေသွင်း/ငွေလွှဲလိုက်သည့်နှင့်တစ်ချိန်းတည်းတွင် ငွေလွှဲတောင်းဆိုချက်ပြီးမြောက်ပါမည်။
※ငွေလွှဲပေးနေသည့်ဘဏ်သည် ချက်ချင်းငွေလွှဲပေးခြင်းရှိမရှိ စစ်ဆေးပါ။
※အထက်ဖော်ပြထားခြင်းမရှိသည့် အကောင့်သို့ဘဏ်ငွေလွှဲ(ကြိုတင်ငွေသွင်း)ပါက၊ ပုံမှန်အားဖြင့် PayForex၏လုပ်ငန်းချိန်အတွင်းတွင် ငွေသွင်းလုပ်ဆောင်ချက်များ လုပ်ဆောင်မည်ဖြစ်ပါသဖြင့် (ကြားရက် 9:30~17:30)၊ အကောင့်သို့ငွေ၀င်ခြင်းသည် လုပ်ငန်းချိန်အတွင်းသာဖြစ်ပါမည်။

(၅) အဆင်ပြေလွယ်ကူသည့် 「ဘဏ်အကောင့်ငွေလွှဲ ဖြင့် 」ငွေသွင်းခြင်း

Payforex အပလီမှ Two-factor-authentication ၂ဆင့်အတည်ပြုခြင်းကို သတ်မှတ်ထားပြီး သက်ဆိုင်သည့်ဘဏ်အကောင့်အချက်များကို စာရင်းသွင်းခြင်းဖြင့် လွယ်ကူစွာဘဏ်အကောင့်ငွေလွှဲနည်းဖြင့် ငွေသွင်းနိုင်ပါသည်။ ငွေလွှဲခြင်းဖြင့်ငွေသွင်းရသည့်အချိန်မလိုဘဲ လွယ်ကူစွာ ပြည်ပငွေလွှဲအား အသုံးပြုနိုင်ပါသည်။
※ဘရောက်ဇာမှ Two-factor-authentication ၂ဆင့်အတည်ပြုခြင်းကိုသတ်မှတ်ထားပါက၊ သီးသန့်တစ်ကြိမ်သုံးလှို့၀ှက်ကုဒ် (one-time password)သုံးသည့် အပလီကို ဒေါင်းလုဒ်လုပ်ရန်လိုအပ်ပါသည်။

(၆) အခြား real-time ချက်ချင်းငွေသွင်းခြင်း

「စတိုးဆိုင်တွင်ငွေသွင်းခြင်း」「Pay-easy ATM」「Pay-easy(internet Banking)」ကို အသုံးပြုပါက သွင်းငွေများ အချိန်နှင့်တပြေးညီ PayForex အကောင့်သို့ ငွေ၀င်ပါမည်။

(၇) နိုင်ငံခြားငွေကြေး၏ ငွေလဲလှယ်နှုန်းအကြောင်း

PayForex၏「ငွေလဲနှုန်း」သည် ၂၄နာရီ ပြောင်းလဲနေပါသည်။ အခြေခံအားဖြင့် လုပ်ငန်းချိန်အတွင်းသည် ပုံမှန်ငွေလွှဲနှုန်း တင်ပြထားသော်လည်း(ကြားရက် ၉နာရီခွဲမှ ၅နာရီခွဲ)၊ ထိုအချိန်ပြင်ပသည် ည၊ပိတ်ရက်နှုန်း ဖြစ်ပါမည်။ ထို့အပြင် နိုင်ငံခြားငွေလဲခြင်းစျေးကွက်သည် ရုတ်တရက်အပြောင်းအလဲဖြစ်ခြင်း မလုံခြုံသည့်အခြေအနေများဖြစ်ပေါ်ပါက စျေးကွက်နှုန်းမှ ရိုက်ခတ်ခြင်းများ သက်ရောက်မည်ဖြစ်ပါသဖြင့် သတိပြ‌စေလိုပါသည်။

၂။ ငွေလွှဲချိန်
(၁) ရုရှား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆူဒန်၊ ကျူးဘား၊ ဆီးရီးယား၊ ဘီလာရုစ်၊ ယူကရိန်း၏တစ်စိတ်တစ်ပိုင်းဒေသ၊ ဘန်နီဇွဲလားသို့ ငွေလွှဲ၍မရနိုင်ပါ

※ယူကရိန်း၏တစ်စိတ်တစ်ပိုင်းဒေသဆိုသည်မှာ Crimea・Donetsk・Luhansk ကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။

(၂) ပမာဏနည်းသောငွေဖြင့် ငွေလွှဲ၍မရနိုင်သည့် ကိစ္စများရှိပါသည်။

  • SWIFT ကို အခြေခံထားသည့် ဘဏ်အကောင့်ငွေလွှဲဖြစ်ပါက ယန်း ၇,၀၀၀မပြည့်သည့်ငွေလွှဲအား လက်ခံ၍မရနိုင်ပါ။
  • အနည်းဆုံးငွေလွှဲနိုင်သည့်ပမာဏသည် ငွေလွှဲချန်နယ်ပေါ်မူတည်၍ ကွဲပြားသည့်အတွက် အသေးစိတ်ကို ငွေလွှဲအကြမ်းဖျဥ်းတွက်ချက်ခြင်းမှ စစ်ဆေးပေးပါ။

(၃) ငွေလွှဲရခြင်း ရည်ရွယ်ချက်အား သက်သေပြုသည့်စာရွက်စာတမ်း ပြင်ဆင်ခြင်း။

ငွေကြေးခ၀ါချခြင်း၊ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုနှင့် အခြားရာဇ၀တ်မှုများကို တားဆီးရန်ရှု့ထောင့်မှ၊ ငွေလွှဲရည်ရွယ်ချက်ကို ရုတ်တိရှိသောအတည်ပြုနိုင်သည့် စာရွက်စာတမ်း တင်ပြခြင်းရန် အသုံးပြုသူအား တောင်းဆိုမှုများရှိပါမည်။ မတင်ပြနိုင်ခြင်း သို့မဟုတ် တင်ပြထားသည့်စာရွက်စာတမ်းမှငွေလွှဲရည်ရွယ်ချက်ကို အတည်မပြုနိုင်ပါက လက်ခံရရှိထားသည့် ငွေလွှဲအား ပယ်ဖျက်မည်ဖြစ်ပါသည်။ တင်ပြထားသည့် စာရွက်စာတမ်းတွင် Invoice တင်သွင်းလွှာ(ဘေလ်ပြေစာ)၊ စာချုတ်၊ ကိုးကားချက်များ၊ သွင်းကုန်လိုင်စင်သတိပေးချက်များ၊ ငွေလွှဲခြင်း၏အသေးစိတ်အချက်အလက်များကို ရှင်းရှင်းလင်းလင်းဖော်ပြထားသော လက်ခံသူနှင့် အီးမေးလ်မှတ်တမ်း စသည်တို့ရှိပါသည်။ ထို့အပြင် လိုအပ်ပါက ငွေလက်ခံသူ သို့မဟုတ် ငွေလက်ခံသူနှင့်ဆက်စပ်သူ၏ ကာယကံရှင်အတည်ပြုစာရွက်စာတမ်း၊ အသုံးပြုသူ၏ ငွေရေးကြေးရေးအဖွဲ့အစည်းနှင့်လုပ်ဆောင်ချက်အခြေနေ၊ အသုံးပြုသူ၏အခွန်စာရွက်စာတမ်းများ စသည်တို့ကို တောင်းဆိုမှုများရှိနိုင်ပါသည်။

(၄) ရောက်ရှိငွေပမာဏ၏ သတ်မှတ်ဝန်ဆောင်ခ ၀န်ဆောင်မှု အသုံးမပြုနိုင်သည့်နိုင်ငံ၊ဘဏ် များရှိပါသည်။

အချို့နိုင်ငံ၊ဒေသ နှင့် ဘဏ်အတွက် "ရောက်ရှိငွေပမာဏ၏ သတ်မှတ်ဝန်ဆောင်ခ ၀န်ဆောင်မှု" အသုံးမပြုနိုင်သည့်အတွက် သတိပြုစေလိုပါသည်။

■နိုင်ငံ၊ဒေသအလိုက် အသုံးမပြုနိုင်ခြင်း
ကနေဒါ၊ ဟာ၀ါအီ၊ ဂူအမ်၊ မက္ကဆီကို၊ အလယ်ပိုင်းနှင့် တောင်အမေရိကနိုင်ငံများ၊ ကမ္ဘောဒီးယား
■ဘဏ်အလိုက် အသုံးမပြုနိုင်ခြင်း
JPMORGAN CHASE BANK၊ US BANK၊ FIRST HAWAIIAN BANK(အမေရိကန်)၊ IZUHO BANK(ဆွစ်ဇာလန်)၊ FBME BANK(Cyprus)၊ GOLOMT BANK(မွန်ဂိုလီးယား)၊ DBS BANK(စင်ကာပူလ်)
※ရောက်ရှိငွေပမာဏ၏ သတ်မှတ်ဝန်ဆောင်မှု
SWIFTကို အခြေခံပြီး ဘဏ်အကောင့်လွှဲခြင်းဖြင့်၊ ငွေလွှဲသည့်ပမာဏမှ သက်ဆိုင်ရာဘဏ်မှ ကျသင့်ငွေများကို နုတ်ယူပြီးနောက် ငွေလက်ခံရရှိတတ်သည်။ ငွေလွှဲသည့်ပမာဏကို လက်ခံရရှိရန် သေချာစေရန်အတွက် 「ရောက်ရှိငွေပမာဏ၏ သတ်မှတ်ဝန်ဆောင်မှု」 ဖြစ်သည့် ရွေးချယ်နိုင်သော ၀န်ဆောင်ခ ယန်း ၂၅၀၀ ကို ကျေးဇူးပြု၍ အသုံးပြုပေးပါ။

(၅) ငွေလက်ခံသူသို့ စာတိုမက်ဆေ့ချ်ပို့လိုပါက ※SWIFT အခြေခံထားသည့် ဘဏ်အကောင့်ငွေလွှဲခြင်းနှင့် GBPငွေလွှဲ ကို သာလျှင်ဆောင်ရွက်ခြင်း

Invoice၊ Reference No. ကို ပေးပို့သည့်အချက်တွင် ထည့်သွင်းဖော်ပြရန်လိုအပ်ပါက PayForex ငွေလွှဲစာမျက်နှာရှိ 「ငွေလက်ခံသူသို့ အချက်များဖြည့်သွင်းရန် ဤနေရာမှ」ကို ခြစ်ပြီး ဖြည့်သွင်းပေးပါ။
ထို့နောက် SWIFT အခြေခံထားသည့် ဘဏ်အကောင့်ငွေလွှဲခြင်းအတွက် ငွေလက်ခံသူ၏ အီးမေးလ်လိပ်စာကို ဖြည့်သွင်းပါက လူကြီးမင်းတောင်းဆိုထားသည်ကို အခြေခံပြီး PayForex မှ ငွေလွှဲခဲ့ကြောင်းအသိပေးသည့် စာစောင်သည် အလိုအလျှောက် ပေးပို့ပါမည်။ ဂျပန်နှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထားသော နိုင်ငံခြားငွေလွှဲစာရှင်းတမ်း(Wire Advice Report)PDFဖိုင်သည် ပူးတွဲပါရှိမည်ဖြစ်ပါသည်။

ငွေလွှဲမည့်နိုင်ငံ၊ဒေသအတလိုက် သတိပေးချက်

ငွေလွှဲလက်ခံသူ သတိပြုချက်
Europe၊ the Middle East စသည် ငွေလွှဲလက်ခံသူအချက်အနေဖြင့် IBAN ကုဒ်(International Bank Account Number) စာရင်းသွင်းရန်လိုအပ်ပါသည်။ 「 IBANအသုံးပြုသည့်နိုင်ငံစာရင်း 」အား စစ်ဆေးပါ။
United Kingdom GBPငွေလွှဲဖြင့် လက်ခံဘဏ်သည်「REVOLUT LTD」ဖြစ်ပါက SORTကုဒ်နှင့်အကောင့်နံပါတ်ချတ်ဆက်ထားသည့်ငွေလွှဲဖြစ်ပါမည်။ SWIFT・IBANချိတ်ဆက်ထားသည့် ငွေလွှဲဖြစ်ပါက ငွေလွှဲအောင်မြင်မည်မဟုတ်ပါ။
China အဖွဲ့အစည်းအကောင့်သို့ CNYငွေလွှဲဖြစ်ပါက ပုံမှန်ဘဏ်အကောင့်အချက်အလက်အပြင် CIPS လုပ်ငန်းကုဒ်တစ်ခု လိုအပ်ပါမည်။
* CIPS လုပ်ငန်းကုဒ်ကို မသိပါက လက်ခံသူ သို့မဟုတ် လက်ခံဘဏ်ဖြင့် အတည်ပြုစစ်ဆေးပါ။
Vietnam VNDငွေလွှဲသည် တစ်ဦးချင်းအတွက်သာ ကန့်သတ်ထားပါသည်။ အဖွဲ့အစည်းအတွက် ငွေလွှဲလိုလျှင် USD ဘဏ်အကောင့်ငွေလွှဲကို အသုံးပြုပါ။
Malaysia ငွေလွှဲနိုင်သည့် ငွေကြေးသည် ဒေသတွင်းငွေကြေးMYR:မလေးရှားရင်းဂစ်သာလျှင်ဖြစ်ပါသည်။
Nepal ငွေလွှဲနိုင်သည့်ငွေကြေးသည် ဒေသတွင်းငွေကြေး NPR:နိပေါရူပီး သာလျှင်ဖြစ်ပါသည်။
Mexico ဘဏ်အကောင့်ငွေလွှဲအတွက် အကောင့်နံပါတ်သည် ၁၈လုံးပါ CLABE ကုဒ်(CLABE Account Number)စာရင်းသွင်းရန်လိုအပ်ပါသည်။
Jordan ပုံမှန်ဘဏ်အကောင့်အချက်အပြင် ရည်ရွက်ချက်ကုဒ်(ဂဏန်း၄လုံး) ဖော်ပြရန်လိုအပ်ပါသည်။ ငွေလက်ခံသူထံ အတည်ပြုပြီး Support Desk ထံ ဆက်သွယ်အကြောင်းကြားပါ။
Cambodia CANADIA BANK PLC. အတွက် ငွေလွှဲ လက်မခံပါ။
Taiwan CHUNGHWA POST CO., LTD. အတွက် ငွေလွှဲ လက်မခံပါ။
Indonesia ၀ယ်ယူသည့်ကုန်ပစ္စည်းကြေးပေးချေမှုနှင့်ဆက်စပ်သော USDငွေလွှဲခြင်းအတွက် ပုံမှန်ဘဏ်အကောင့်အချက်များအပြင် Invoice No. ‌ဖော်ပြရန်လိုအပ်ပါသည်။ Invoice No. ဖော်ပြချက်ကို စစ်ဆေးပြီး၊ Invoice ဒေတာဖိုင်ကို Support Desk သို့ တင်သွင်းပေးပါ။
Myanmar USDငွေလွှဲအတွက် ငွေလွှဲရည်ရွယ်ချက်အရ「ITRSကုဒ်」(ဂဏန်း၄လုံး)တင်ပြရန်လိုအပ်ပါသည်။ ငွေလက်ခံသူထံ အတည်ပြုပြီး Support Desk ထံအကြောင်းပေးပါ။
Bahrain ငွေလွှဲရည်ရွယ်ကုဒ်(အင်္ဂလိပ်အက်ခရာ ၃လုံး) တင်ပြရန်လိုအပ်ပါသည်။ ငွေလက်ခံသူထံ အတည်ပြုပြီး Support Desk ထံသို့ အကြောင်းကြားပေးပါ။
UAE (U.A.E) ငွေလွှဲရည်ရွယ်ကုဒ်(အင်္ဂလိပ်အက်ခရာ ၃လုံး) တင်ပြရန်လိုအပ်ပါသည်။ ငွေလက်ခံသူထံ အတည်ပြုပြီး Support Desk ထံသို့ အကြောင်းကြားပေးပါ။
Canada Canadian Imperial Bank of Commerce နှင့် National Bank of Canada ကို လက်ခံဘဏ်အဖြစ် မှတ်ပုံတင်သည့်အခါ Routing နံပါတ် ဖြည့်သွင်းရန် လိုအပ်ပါသည်။ ( SWIFT ကုဒ်များကိုလက်မခံပါ )။
  • Routing နံပါတ် (၉ လုံး) = 0 + Institution နံပါတ် (၃ လုံး) + Transit နံပါတ် (၅ လုံး)
South Africa ZARငွေလွှဲအတွက် ငွေရောက်ရှိသည်အထိ ပုံမှန်အလုပ်ချိန်ထက် တစ်ရက်ပို၍ လိုအပ်နိုင်ပါသည်။
၃။ ငွေလွှဲပြီးနောက်
(၁) ငွေလွှဲပြီးနောက် ရန်ပုံငွေကျန်ရှိနေခြင်း၊ ငွေသွင်းပြီးနောက် ခန့်မှန်းထားသည့်ငွေလွှဲပျောက်ဆုံးနေပါက၊

ပမာဏအလွန်နည်းသည့် ငွေရှိနေခြင်း၊ တစ်လအတွင်း ငွေလွှဲရန် အလားအလာရှိခြင်းအတွက် အကောင့်လက်ကျန်အနေဖြင့် ကိုင်ဆောင်/သိမ်းထားခြင်းအတွက် ပြဿနာမရှိပါ။
ငွေလွှဲရန် အစီအစဥ်မရှိပါက "ငွေထုတ်ခြင်း" မှတဆင့် မိမိဘဏ်အကောင့်သို့ လွှဲပြောင်းထုတ်ယူရန် လုပ်ဆောင်ပေးပါ။

(၂) ပြည်ပငွေလွှဲ ငွေပြန်ပေးခြင်း၊ ကိုင်ဆောင်ထားရှိခြင်း
ငွေလွှဲပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ငွေပြန်အမ်းခြင်း၊ သို့မဟုတ် ငွေလက်ခံဘဏ်မှ ငွေလွှဲအချက်အလက်များ ပြင်ဆင်ချက်အတွက် တောင်းဆိုလာပါက၊ လုပ်ငန်းဆောင်တာအခကြေးငွေ ယန်း ၄,၀၀၀ ပေးဆောင်ရန်လိုအပ်ပါသည်။ အကောင့်လက်ကျန်မှ နှုတ်ယူမည်ဖြစ်ပါသဖြင့် ငွေသွင်းလုပ်ဆောင်ရန်လိုအပ်ပါသည်။
※SWIFTကိုအခြေခံသည့် ငွေလွှဲအတွက် ပြန်အမ်းခြင်း ရှိလာပါက ငွေလက်ခံဘဏ် နှင့် ကြားခံဘဏ်မှ အခကြေးငွေများကောက်ခံခြင်းများ ရှိပါသည်။